Sunday, January 24, 2016

တရုတ်နှင့် အီရန်တွင် Facebook အသုံးပြုနိုင်အောင် အကူအညီ ပေးမည့် Application ဖြန့်ချိ

Facebook အသုံးမပြုနိုင်ရန် ကန့်သတ်ထားသော တရုတ်နှင့် အီရန်နိုင်ငံတို့၌ တားမြစ်ထားသော အကန့် အသတ်များကို ကျော်ဖြတ်ကာ အသုံးပြုနိုင်ရန် ဖန်တီးပေးမည့် Application ကို ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ဖြန့်ချိခဲ့ကြောင်း သိရသည်။
အဆိုပါ Application ကို Tor ဟု အမည် ပေးထားပြီး Firewall များဖြင့် Facebook အသုံးမပြုနိုင်ရန် တားမြစ်ထားသော နေရာများတွင် အသုံးပြုနိုင်အောင် အထောက်အကူ ပေးသည်။ Tor ကို Facebook က ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း Facebook က အထောက်အပံ့ ပေးထားသော နည်းပညာ အဖွဲ့အစည်း တစ်ရပ်က ဖန်တီးခဲ့ခြင်းဖြစ်ကာ အလုံခြုံဆုံးဟု သတ်မှတ်ထားသော Firewall များကို ကျော်ဖြတ်ကာ Facebook အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ Tor သည် အသုံးမပြုနိုင်ရန် ကန့်သတ်မထားသော Firewall များနှင့် ထိတွေ့ချိန်တွင် Signal များနှင့် Data များကို Encrypt လုပ်သွားမည် ဖြစ်သောကြောင့် စွမ်းဆောင်ရည် မြင့်မားသော Firewall များကို အလွယ်တကူ  ကျော်ဖြတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ Facebook သည် Tor Application ဖန်တီးခဲ့ခြင်း အပေါ် တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိခဲ့သော်လည်း ပြီးခဲ့သည့် နွေရာသီမှ စတင်ကာ အထောက်အပံ့များ ပေးအပ် ဖန်တီးစေခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် သတင်းဌာနများက ဖော်ပြသည်။ Tor Application ကို အခမဲ့ အသုံးပြုနိုင်မည် ဖြစ်ကာ Facebook အသုံးပြုလိုပါက အဆိုပါ Application နှင့် Facebook Application ကြားတွင် ချိတ်ဆက်ထားရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ လက်ရှိတွင် Tor ကို မိုဘိုင်းလ်ဖုန်းများ ဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်



Min Thiha (နည်းပညာမျှ​ဝေသူ)

0 အကြံပြူစာ:

Post a Comment

 
;