Huawei ကုမ္ပဏီသည် တန်ဖိုးသင့် မိုဘိုင်းလ်ဖုန်းများတွင် လက်ဗွေဖတ် စနစ်များနှင့် အရည်အသွေး မြင့်မားသော ကင်မရာ စနစ်များ ထည့်သွင်းရန် ပြင်ဆင်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။
Huawei သည် တခြား မိုဘိုင်းလ်ဖုန်း ကုမ္ပဏီများဖြစ်သော Oppo နှင့် Xiaomi တို့က တန်ဖိုးသင့် မိုဘိုင်းလ်ဖုန်းများတွင် အနည်းဆုံး 13 MP အရည်အသွေး ရှိသော ကင်မရာများကို ထည့်သွင်းလာခြင်း ကြောင့်ဈေးကွက်ဝေစု ပိုမို ရရှိလာသည့် အခြေအနေကို ကုစားနိုင်ရန် ထိုကဲ့သို့ ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် Xiaomi သည် အမေရိကန် ဒေါ်လာ ၂ဝဝ ဝန်းကျင် ရောင်းဈေး သတ်မှတ်ထားသော မိုဘိုင်းလ်ဖုန်းများတွင် စွမ်းဆောင်ရည် ကောင်းမွန်သော လက်ဗွေဖတ်စနစ်ကို ထည့်သွင်း ပေးထား ခြင်းကြောင့် အာရှဈေးကွက်တွင် ဝယ်လိုအား သိသိသာသာ မြင့်မားလာကြောင်း တွေ့ရှိခဲ့သည်။ Oppo သည် ကင်မရာပိုင်းဆိုင်ရာ အားသာချက်များကြောင့် ဈေးကွက်အတွင်း၌ ဝေစု ပိုမိုရရှိလာခြင်း ဖြစ်သည်။ Huawei သည် အမေရိကန်ဒေါ်လာ ၂ဝဝ နှင့် ၃ဝဝ ကြား ရောင်းဈေး သတ်မှတ်မည့် မိုဘိုင်းလ်ဖုန်း မော်ဒယ်လ်သစ်များတွင် လက်ဗွေဖတ်စနစ်နှင့် အရည်အသွေး မြင့်မားသော ကင်မရာစနစ်များကို ထည့်သွင်း ရန်ပြင်ဆင်နေခြင်း ဖြစ်သည်။ အဆိုပါ အမျိုးအစား မိုဘိုင်းလ်ဖုန်း မော်ဒယ်လ်သစ်များကို ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ဈေးကွက် စတင်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
From Myawady Technology
Posted via Blogaway
Sunday, January 24, 2016
နည်းပညာသတင်းများ
တန်ဖိုးသင့် မိုဘိုင်းလ်ဖုန်းများတွင် လက်ဗွေဖတ် စနစ်နှင့် အရည်အသွေးမြင့် ကင်မရာစနစ် ထည့်သွင်းရန် Huawei ပြင်ဆင်
Subscribe to:
Post Comments (Atom)
0 အကြံပြူစာ:
Post a Comment