Sunday, January 24, 2016 0 အကြံပြူစာ

တရုတ်နှင့် အီရန်တွင် Facebook အသုံးပြုနိုင်အောင် အကူအညီ ပေးမည့် Application ဖြန့်ချိ

Facebook အသုံးမပြုနိုင်ရန် ကန့်သတ်ထားသော တရုတ်နှင့် အီရန်နိုင်ငံတို့၌ တားမြစ်ထားသော အကန့် အသတ်များကို ကျော်ဖြတ်ကာ အသုံးပြုနိုင်ရန် ဖန်တီးပေးမည့် Application ကို ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ဖြန့်ချိခဲ့ကြောင်း သိရသည်။
အဆိုပါ Application ကို Tor ဟု အမည် ပေးထားပြီး Firewall များဖြင့် Facebook အသုံးမပြုနိုင်ရန် တားမြစ်ထားသော နေရာများတွင် အသုံးပြုနိုင်အောင် အထောက်အကူ ပေးသည်။ Tor ကို Facebook က ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း Facebook က အထောက်အပံ့ ပေးထားသော နည်းပညာ အဖွဲ့အစည်း တစ်ရပ်က ဖန်တီးခဲ့ခြင်းဖြစ်ကာ အလုံခြုံဆုံးဟု သတ်မှတ်ထားသော Firewall များကို ကျော်ဖြတ်ကာ Facebook အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ Tor သည် အသုံးမပြုနိုင်ရန် ကန့်သတ်မထားသော Firewall များနှင့် ထိတွေ့ချိန်တွင် Signal များနှင့် Data များကို Encrypt လုပ်သွားမည် ဖြစ်သောကြောင့် စွမ်းဆောင်ရည် မြင့်မားသော Firewall များကို အလွယ်တကူ  ကျော်ဖြတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ Facebook သည် Tor Application ဖန်တီးခဲ့ခြင်း အပေါ် တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိခဲ့သော်လည်း ပြီးခဲ့သည့် နွေရာသီမှ စတင်ကာ အထောက်အပံ့များ ပေးအပ် ဖန်တီးစေခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် သတင်းဌာနများက ဖော်ပြသည်။ Tor Application ကို အခမဲ့ အသုံးပြုနိုင်မည် ဖြစ်ကာ Facebook အသုံးပြုလိုပါက အဆိုပါ Application နှင့် Facebook Application ကြားတွင် ချိတ်ဆက်ထားရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ လက်ရှိတွင် Tor ကို မိုဘိုင်းလ်ဖုန်းများ ဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်



Min Thiha (နည်းပညာမျှ​ဝေသူ)
0 အကြံပြူစာ

တန်ဖိုးသင့် မိုဘိုင်းလ်ဖုန်းများတွင် လက်ဗွေဖတ် စနစ်နှင့် အရည်အသွေးမြင့် ကင်မရာစနစ် ထည့်သွင်းရန် Huawei ပြင်ဆင်



Huawei ကုမ္ပဏီသည် တန်ဖိုးသင့် မိုဘိုင်းလ်ဖုန်းများတွင် လက်ဗွေဖတ် စနစ်များနှင့် အရည်အသွေး မြင့်မားသော ကင်မရာ စနစ်များ ထည့်သွင်းရန် ပြင်ဆင်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။
Huawei သည် တခြား မိုဘိုင်းလ်ဖုန်း ကုမ္ပဏီများဖြစ်သော Oppo နှင့် Xiaomi တို့က တန်ဖိုးသင့် မိုဘိုင်းလ်ဖုန်းများတွင် အနည်းဆုံး 13 MP အရည်အသွေး ရှိသော ကင်မရာများကို ထည့်သွင်းလာခြင်း ကြောင့်ဈေးကွက်ဝေစု ပိုမို ရရှိလာသည့် အခြေအနေကို ကုစားနိုင်ရန် ထိုကဲ့သို့ ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် Xiaomi သည် အမေရိကန် ဒေါ်လာ ၂ဝဝ ဝန်းကျင် ရောင်းဈေး သတ်မှတ်ထားသော မိုဘိုင်းလ်ဖုန်းများတွင် စွမ်းဆောင်ရည် ကောင်းမွန်သော လက်ဗွေဖတ်စနစ်ကို ထည့်သွင်း ပေးထား ခြင်းကြောင့် အာရှဈေးကွက်တွင် ဝယ်လိုအား သိသိသာသာ မြင့်မားလာကြောင်း တွေ့ရှိခဲ့သည်။ Oppo သည် ကင်မရာပိုင်းဆိုင်ရာ အားသာချက်များကြောင့် ဈေးကွက်အတွင်း၌ ဝေစု ပိုမိုရရှိလာခြင်း ဖြစ်သည်။ Huawei သည် အမေရိကန်ဒေါ်လာ ၂ဝဝ နှင့် ၃ဝဝ ကြား ရောင်းဈေး သတ်မှတ်မည့် မိုဘိုင်းလ်ဖုန်း မော်ဒယ်လ်သစ်များတွင် လက်ဗွေဖတ်စနစ်နှင့် အရည်အသွေး မြင့်မားသော ကင်မရာစနစ်များကို ထည့်သွင်း ရန်ပြင်ဆင်နေခြင်း ဖြစ်သည်။ အဆိုပါ အမျိုးအစား မိုဘိုင်းလ်ဖုန်း မော်ဒယ်လ်သစ်များကို ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ဈေးကွက် စတင်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်​။
From Myawady Technology



Posted via Blogaway


 
;